♥♫အောင်အောင်(မကစ)၏ ကဗျာ များစုစည်းမှု (၂)♥♫



  • ကဗျာရှင်

    ဘလော့ကာ အောင်အောင်(ခ) အောင်ဆန်းမြင့် (မကြီးစောက်) ၏အမှာစကား ။ ။ မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ခုလိုကျနော့်ရဲ့ ကဗျာမမှီင်္ စာမပီတဲ့ ကဗျာတပိုင်းတစလေးတွေကို အားပေးဖတ်ရှုတဲ့အတွက် အထူးဘဲ ကျေးဇူးတင်ပါတယ်... မိတ်ဆွေအပေါင်း လိုအပ်ချက်များအား တစုတဝေးတည်း ရယူနိုင်ရန်ဆိုတဲ့စိတ်ကူးလေးနဲ့တည်ထောင်ထားခဲ့ပါတယ် ပညာရှင်မဟုတ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေမယ်ဆိုတာ သိပါတယ် ကြိုးစားလုပ်ကိုင်သွားမှာပါ... လိုအပ်တာမှန်သမျှ ကော့မက်ပေးတောင်းဆိုနိုင်သလို aungsan96@gmail.com  aungaungmks@gmail.com သို့မေးပို့ ပြောကြားနိုင်ပါသည်။


♥♫ချစ်နှမငယ်.....သို့ (၁)♥♫






ဇွဲစိတ်ကို ရင်း
အားမာန်တင်း ၍
လျှောက်လှမ်းခဲ့ပါ နှမငယ်.....
လောကပင်လယ်ပြင်ကျယ်ကို
လှော်ခတ်မယ်ဆိုရင်ဖြင့်
ကံကြမ္မာလှိုင်းထမ်းပိုးတို့

ရိုက်ခတ်ခြင်းမျိုးတော့
ခံရပင်မလွဲ...။


အားမငယ်ပါနဲ့ နှမငယ်
ဘ၀လှေငယ်ကိုစီး
စိတ်ဓါတ်နဲ့ ခွန်းအားကို
လက်နှစ်ထက်သို့ စုစည်းထား
အသိဉာဏ်လှော်တက်ကို ဆုပ်ကိုင်
ဦးနှောက်ပိုင်းက ပဲ့လုပ်
အပါတ်တကုတ်နဲ့ ကြိုးစား
သင်လိုလားတဲ့ ကမ်းခြေ
နှမအတွက် ဆီးကြိုနေမည်...။......။

မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်.....နှစ်သိမ့်ခြင်းပါ။......။
ဒီပဲယင်းသားလေး
အောင်အောင် (မကစ)
5/12/2011

♥♫♥♫တေးသီငှက်♥♫♥♫

နွေဦး ဂိမာန်
ဝဿန် လေညှင်း

ရောင်ခြည်လင်းမှ
ကင်းသည့်မြူမှုံ....
ထန်းလက် ပွင့်ခိုင်

ရွှန်းမြိုင်သည့်တော... ။

လွမ်းမော မှန်းမျှော်

ဟစ်အော် ဆိုတေး

ဥသြလေး၏..............

တေးသီသံ....။.....။

ဒီပဲယင်းသားလေး
အောင်အောင် (မကစ)
5/12/2011


♥♫ချစ်နှမငယ်....သို့ (၂)♥♫




ညီမငယ်..........
သောကအသွယ်သွယ်
လောကအလယ်မှာ
ဒုက္ခတွေကို မိတ်ဖွဲ့
အန္ဒရာယ်ကို ရင်ဆိုင်
ဘ၀ပန်းတိုင်ဆိုတဲ့
အနာဂါတ်တနေရာ
အရောက်လှော်ခတ်လို့
ကျော်ဖြတ်ပါတော့....ချစ်နှမငယ်....။

ယုံကြည်ချက်တစ်ခုကို ဖမ်းဆွဲ
ခရီးကြမ်းကိုလည်း....
လျှောက်ရဲရမည်.....။
တပ်မက်မှုကို စွန့်ခွါ
အထီးကျန်ကမ္ဘာကိုလည်း....
နေရဲရမည်..........။
လွမ်းဆွတ်မှုကို မျိုသိပ်
အိပ်ပျက်ညတွေကိုလည်း......
ရင်ဆိုင်ရရမည်.......။
အတိတ် ဘ၀ကိုစွန့်ခွါ....
ပစ္စုပ္ပန်ကို ရှေ့ရှု..
မင်းဘ၀ကို ပုံထု
လှပတဲ့ ပန်းချီကားတခုကိုဖန်ဆင်း
အရာရာဟာ မင်းအတွက်
မင်းရဲ့ ခြေတလှမ်းဘဲ.....
စထွက်ခဲ့ပါတော့.........ချစ်နှမငယ်.....။.....။




မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်.....နှစ်သိမ့်ခြင်းပါ။......။
ဒီပဲယင်းသားလေး
အောင်အောင် (မကစ)
6 * 12 * 2011



♥♫ချစ်နှမငယ်...သို့ (၃)♥♫


ကြယ်တာရာ ၀န်းရံခ
လှမာန်ဝင့်ကြွား
ခန့်ညား သူ့ဟန်
သဏ္ဍန်အေးမြ
ရှုမ၀သည့်
ချစ်သော နှမ
လမင်းငယ်............။

ကန်ရေပြင် ကြည်မြမြ
လိုက်ဖက်စွ အဆင်းသဏ္ဍန်
အလှကြွယ် ရနံ့သင်း
သူ့အဆင်း အလှမာန်
မြင်သူအမှန် ဘ၀င်အေး
လှသွေးကြွ ချစ်နှမ
ပန်းရွှေကြာ............။

နှင်းထုကြားက ပန်းတပွင့်
လှပလို့ဝင့်ထယ်
နှင်းထုကို အံတုရင်း
အပြုံးဖြင့် ခုခံ
သူ့သဏ္ဍန် သူ့အဆင်းကို
အဘယ်သူ ယှဉ်နိုင် အံ့နည်း.......။

သူ့ဘ၀ နှင်းလိုဖြူ
သူ့ဘ၀ နှင်းတမျှအေး
လမင်းသဏ္ဍန်
ရွှေကြာ အဆင်း
ထာဝရ ရနံ့သင်းကာဖြင့်
သူ့အလှ သူ့အဆင်း
တောင်တန်းက နှင်းပွင့်တို့နှင့်အတူ................
နှင်းပွင့်တို့နှင့် အပြိုင်.............။......။...............။








မှတ်ချက် ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်....အမှတ်တရ လက်ဆောင်ပါ။ဒီပဲယင်းသားလေး
အောင်အောင် (မကစ)
8 * 12 * 2011

♥♫ဟေမာန်သက်သေ♥♫
*********************




မြောက်လေငယ် သွေး
နှင်းပန်းတို့ ကြွေ
လေညှင်းဟေမာန်
တိုးဝှေ့ဒဏ်၏
တချက်ပျင်းပျင်း
ရင်တွင်းလှိုက်ဖို
စိမ့်ခနဲအေး
ဟိုအရင် မိုး၏
လက်ကျန်လေညှင်း
သည်ဆောင်းသွင်းလို့
ပို့ခြေပြီ.................။

နံနက်အာရုံ
စွတ်စိုရုံမျှ
မြေမှာခသည့်
နှင်းပွင့် တို့လည်း
ဟေမာန်သက်သေ............
ဆောင်းသက်သေ........။......။


ဒီပဲယင်းသားလေး

အောင်အောင် (မကစ)
ရင်တွင်းဖြစ်
12/12/2011




 အောင်အောင်(မကစ).....ဒီပဲယင်းမြို့နယ်...
လာလည်နိုင်သော နေရာလေးများ....
www.ledimyethar.com
www.ninilayy.com
http://aungsanmks.blogspot.com
http://herostown.blogspot.com .....တို့ဖြစ်ပါတယ်...

0 comments:

Post a Comment