M-JavaScript Lesson 1



JavaScript ကိုမလေ့လာခင် JavaScript ကုတ်တွေကိုရေးဖို့အတွက် Text Editor ကိုရွေးချယ်ရအောင်၊ သင့်ကွန်ပြူတာက window အသုံးပြုတယ်ဆိုရင်ဖြင့် Notepad ကိုအသုံးပြုပြီး JavaScript ကိုရေးနိုင်ပါတယ်၊ ဒါပေမယ့် 72coder ကတော့ Notepad++ ကိုသုံးဖို့အကြံပြုပါတယ်၊ Notepad++ ကတကယ့်ကို မရုံကြည့်နိုင်လောက်တဲ့ အကူအညီတွေကို Programmer တွေအတွက်ပေးထားပါတယ်၊ တကယ် Programmer /  Developer လမ်းကြောင်းကိုရှောက်တော့မယ်ဆိုရင်  Notepad++ ကိုမသုံးမဖြစ်သုံးသင့်ပါတယ်၊ လွယ်ကူတဲ့ Dreamwaver တို့ HTML Editor တို့သုံးတာ Programmer / Developer တစ်ယောက်ကို မြင်ကွင်းရှုပ်စေပါတယ်၊ ဒီတော့ Programmer / Developer စစ်စစ်အဖြစ် ရပ်တည်ချင်ရင်တော့ Notpad++ ကိုသုံးဖို့အကြံပြုပါတယ်၊ Notepad++ ကို Free ပေးထားတဲ့အတွက် လွယ်ကူစွားဒေါင်းလုပ်နိုင်ပါတယ်၊ အကယ်၍ 72coder ဆိုက်ကနေ ဒေါင်းလုပ်ချင်တယ်ဆိုရင် တော့

ဒီနေရာမှာ  ခလစ်တစ်ချက်နှိပ်ပြီ ဒေါင်းနိုင်ပါတယ်၊

JavaScript ကိုလေ့လာဖို့အတွက် HTML နဲ့ CSS တို့ကို တတ်ထားဖို့လိုအပ်တယ်၊ အထူးသဖြင့်တော့ HTML ကိုတတ်ကိုတတ်ရမယ်၊ HTML နဲ့ CSS တို့ကို မတတ်သေးဘူးဆိုရင်တော့ 72coder ရဲ့ HTML နဲ့ CSS တို့ကိုသင်ကြားပေးထားတဲ့သင်ခန်းစာတွေကို အရင်လေ့လာသင့်ပါတယ်၊
JavaScript ကို ၀က်ဆိုက်ရဲ့စာမျက်နှာမှာရေးတော့မယ်ဆိုရင်တော့ JavaScript ဘာသာရပ်ကိုအသုံးပြုကြောင်း အင်တာနက် browser က သိအောင် အသိပေးဖို့လိုပါတယ်၊ ( အသိမပေးလို့မရဘူး၊ Online မှာအသုံးပြုလို့ရတဲ့ Scripting Languages ပေါင်း 50 လောက်ရှိတယ်၊ အသိမပေးရင် သင့်ရဲ့ Internet Browser က ရောပြီး / မှားပြီး ဘာသာပြန်လိမ့်မယ်၊)
ဒီတော့ Internet Browser က သင်အသုံးပြုတဲ့ ဘာသာရပ်က JavaScript ဘာသာရပ်မှန်းသိအောင် အသိပေးဖို့လိုတယ်၊ ဘယ်လိုအသိပေးမလဲ၊ လွယ်ပါတယ်၊ JavaScript ကို စသုံးပီဖြစ်ကြောင်း အဖွင့် အနေနဲ့ <script type=”text/javascript”> လို့ရေးပေးလိုက် အပိတ်အနေနဲ့ JavaScirpt ကုတ်တွေရေးလို့ပြီးသွားရင်ဖြင့် </script> ဆိုတဲ့ Tag နဲ့ ပိတ်ပေးလိုက်၊ ဒါဆိုရင် သင့်ရဲ့ အင်တာနက် Browser က <scirpt type=”text/javascript”> နဲ့ </script> တို့ကြားထဲက ကုတ်တွေက JavaScript ကုတ်တွေဖြစ်ကြောင်းကို နားလည်သွားမယ်။ ဒီတော့ Internet Browser က အဲ့ဒီ့ ကုတ်တွေအားလုံးကို JavaScript အနေနဲ့ ဘာသာပြန်ပေးမယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
<script type=”text/javascript”>
JavaScript ကုတ်တွေကို ရေးရန်
</script>
အဖွင်အပိတ်ကြားမှာ javaScript ကုတ်တွေကို ရေးရတာ နားလည်သွားပီဆိုရင်ဖြင့် JavaScirpt ကိုစတင်ရေးလို့ရပါပီ၊ ဆင်လေ့လာကြစို့၊ အောက်က ဥပမာကို လိုက်ကူးလိုက်ပါ၊
<script type=”text/javascript”>
Document.write(“hey now  brown cow down town”);
</script>
အထက်က ကုတ်ကို ရေးပြီးရင်တော့ html ဖိုင်အဖြစ်သိမ်းပြီး Run ကြည့်လိုက်ပါ၊ Notepad++ ကိုသုံးတယ်ဆိုရင် Ctrl+Shift+Alt+X ကိုနှိပ်လိုက်ရင် Firefox browser မှာ Hey now brown cow down town ဆိုတဲ့ စာသားကို တွေ့ရမယ်၊ Google Chrome ကိုသုံးတဲ့သူတွေအတွက်တော့ Ctrl+Shift+Alt+R ကိုနှိပ်ရင် Google Chrome Browser မှာ hey now brown cow down town ဆိုတဲ့စာသားပေါ်မယ်၊ (IE (internet explorer) ကိုတော့ မသုံးပါနဲ့ သူက Old browser တွေဖြစ်နေတာများပြီး JavaScript support မလုပ်ဘူး၊ JavaScript  ကို လေ့လာပီဆိုရင်တော့ Firefox ဖြစ်စေ Google Chrome ဖြစ်စေသုံးပါ၊ နောက်ဆုံးပေါ် Firefox Version ကို ဤနေရာမှာဒေါင်းလုပ်ရယူပါ၊ Google Chrome ရဲ့ Latest Version ကိုတော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ၊
JavaScript သုံးထားတဲ့ ၀က်ဆိုက်စာမျက်နှာတစ်ခုကို Old browser တွေအနေနဲ့ ပြသနာအဖြစ်မြင်တတ်လို့ ဒီလိုကိစ္စမျိုးကြုံရင် ပြသနာမရှိအောင်  အဖွင့် <!–  နဲ့ အပိတ် //–> တို့ကို Javascript ကုတ်ရဲ့အစ အဆုံးမှထည့်ပါ၊ အောက်မှဥပမာ ကြည့်၊
<script type=”text/javascript”>
<!–
Document.write(“hey now  brown cow down town”);
//–>
</script>
အထက်က လို <!– အဖွင့် နဲ့ //–> ကိုထည့်ပေးလိုက်ရင်တော့ ပြသနာမရှိတော့ပါဘူး၊ ဒီသင်္ကသကိုတွေ့ရင် Old browser တွေကို Comment ကိုပြီးကျော်သွားမယ်၊ New Browser တွေကတော့ JavaScript အနေနဲ့ဘာသာပြန်ပေးမယ်၊
နောက်အခန်းမှာ အခုပြောခဲ့တာတွေကို လက်တွေအသုံးချသွားမယ်၊ ပိုပြီးရှင်းအောင် ရှင်းပြပေးမယ်။

                                   .....   မူရင်းလင့်   .....
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

2 comments:

Kyaw Yan Shein said...

ကျွန်တော်ကအခုမှစလုပ်သင်နေတုံးပါ...။ သုံးတဲ့ browser ကတော့ firefox ပါ။ ကျွန်တော်ရေးကြည့်တာ document.write ပါပေါ်လာတယ်.။ < > ကြားထဲကစာသားတွေပဲ... မပေါ်ဘူး။ ကျန်တာဘာရေးရေးအကုန်ပေါ်တယ်..။ ဘာဖြစ်လို့လဲမသိဘူးဗျာ..။ အကယ်၍ အချိန်ရခဲ့ရင် ရှင်းပြပေးပါဦး.။

Kyaw Yan Shein said...

ကျွန်တော်ကအခုမှစလုပ်သင်နေတုံးပါ...။ သုံးတဲ့ browser ကတော့ firefox ပါ။ ကျွန်တော်ရေးကြည့်တာ document.write ပါပေါ်လာတယ်.။ < > ကြားထဲကစာသားတွေပဲ... မပေါ်ဘူး။ ကျန်တာဘာရေးရေးအကုန်ပေါ်တယ်..။ ဘာဖြစ်လို့လဲမသိဘူးဗျာ..။ အကယ်၍ အချိန်ရခဲ့ရင် ရှင်းပြပေးပါဦး.။

Post a Comment